Bluetti EB3A

အကောင်သေးသေးပဲ ဒါပေမယ့်အဆိပ်ပြင်းတယ်ဆိုတာ ဒါမျိုး။ နွေရာသီရောက်လာပြီဆိုတော့ မီးပျက်ချိန်တွေလဲပိုများလာပြီလေ ။ အဲ့ဒီတော့ ဈေးလေးသင့်ပြီး အရမ်းအသုံးဝင်တဲ့ Bluetti EB3A ဆိုတဲ့ power station လေးနဲ့ မီးပျက်လဲ အလုပ်မပျက်စေဖို့ မိတ်ဆက်ပေးပါရစေ။ Bluetti ဆိုတာက Las Vegas အခြေစိုက် Company တခုဖြစ်တဲ့အတွက် Quality ပိုင်းတော့ ထွေထွေထူးထူး ပြောစရာလိုမယ်မထင်ပါဘူးဗျ။ Bluetti EB3A ရဲ့ လုပ်နိုင်စွမ်းလေးတွေပြောပြပေးပါ့မယ် ။ သူ့ရဲ့ output power က pure sine wave 600W ဖြစ်ပြီးတော့ Battery Capacity ကတော့ 268Wh ပဲဖြစ်ပါတယ်ခင်ဗျ ။ Output 600W ဆိုတာက အသုံးပြုမယ့်ပစ္စည်းရဲ့ Power Consumption က 600W ထက်ပိုမများပဲရှိရမယ်လို့ဆိုလိုတာပါ။ ပြီးတော့ Battery Capacity 268Wh ဆိုတာဥပမာ ၊ 32" LCD TV တလုံးရဲ့ ပျမ်းမျှ ပါဝါ Consumption က 50W ဆိုပါစို့ အဲ့ TV တလုံးကိုဖွင့်သုံးမယ်ဆိုရင် 268÷50=5.36 Hours ခံမှာပဲဖြစ်ပါတယ် ။ သူနဲ့တွဲသုံးလို့ရတဲ့ ပစ္စည်းတွေကတော့ ကွန်ပျူတာ ၊ Laptop ၊TV ၊Router ၊ air cooler၊ ရေခဲသေတ္တာအသေး ၊ အသက်ရှူစက် အစရှိတဲ့ ပစ္စည်းတွေအပြင် hair dryer ဆိုရင် Level 2 လောက်အထိ သုံးလို့ရပါတယ်ဗျ။ သူ့မှာ UPS mode လေးလဲပါတဲ့အတွက် ကွန်ပျူတာတွေ ၊ router တွေကို မီးပျက်သွားပေမယ့်လဲ ပိတ်မသွားပဲ ဆက်လက်အသုံးပြုနိုင်မှာပါ။ ပြီးတော့ USB-A , USB Type C output တွေလဲပါတဲ့အတွက် ဖုန်းအားသွင်းဖို့ power bank အနေနဲ့လဲသုံးလို့ရသေးတယ်ဗျ။ သူ့ရဲ့အလေးချိန်ကလဲ 4.5Kg ဝန်းကျင်ပဲရှိတဲ့အတွက် ခရီးတွေသွားမယ်ဆိုရင်လဲ လွယ်လွယ်ကူကူ သယ်ဆောင်သွားလို့ ရတာကလဲ သူ့ရဲ့အားသာချက်တခုပါပဲ။ သူ့မှာပါတဲ့ LCD Display ကနေလဲ power consumption ဘယ်လောက်သုံးနေတယ် ၊ အချိန်ဘယ်လောက်ထပ်သုံးဖို့ကျန်သေးတယ်ကအစ အသေးစိတ်ပြပေးနေမှာဆိုတော့ အရမ်းအဆင်ပြေတာပေါ့။ ပြီးတော့ သူ့မှာသုံးထားတဲ့ LiFePO4 battery အမျိုးအစားကိုသုံးထားတဲ့အတွက် ကြာရှည်ခံဖို့ကတော့ စိတ်ချလိုက်တော့။ Bluetti ကတော့ ဒီ ဘတ္ထရီကို 2500 cycle in 80% လို့ပြောထားပါတယ် ။ သဘောကတော့ အားအပြည့်ကနေ 80% အထိ သုံးမယ်ဆိုရင် အကြိမ်ရေ 2500 အထိ သုံးလို့ရမယ်ဆိုတဲ့ သဘောပေါ့။ တနေ့ကို 80% အထိ သုံးတာ နှစ်ကြိမ်ရှိတယ်ဆိုပါစို့ အဲ့ဒါဆိုရင် သုံးနှစ်ခွဲလောက်အထိ ဒီ ဘတ္ထရီကို လှည့်ကြည့်စရာမလိုဘူးဆိုတဲ့ သဘောပါပဲ။ သူ့ကို အားပြန်သွင်းဖို့ကလဲ မိနစ်သုံးဆယ်အတွင်းကို 80% အထိ အားပြန်သွင်းလို့ ရတယ်ဆိုထားပါတယ်ဗျ ။ EPC ကမီးအပြင် Solar နဲ့လဲ အားသွင်းလို့ရပါသေးတယ်ဗျ ။ Wireless charging နဲ့ အားသွင်းလို့ရတဲ့ ဖုန်းတွေအတွက်လဲ wireless charging ကနေလဲ ဖုန်းတွေကို အားပြန်သွင်းလို့ရပါသေးတယ်။ ဒါ့အပြင် Bluetti App ကနေပြီးတော့လဲ Bluetooth နဲ့ချိတ်ဆက်ပြီး power station ကိုအသေးစိတ်စီမံခန့်ခွဲလို့ရပါသေးတယ် ။ Pure sine wave ထွက်တာဖြစ်တဲ့အတွက် electronic devices တွေအတွက် ရေရှည်မှာ တော်တော်လေးအဆင်ပြေစေမယ်ဆိုတာကတော့ ပြောစရာကိုမလိုတော့ဘူးပေါ့။ After sale service အနေနဲ့လဲ Local Distributor ကနေ အလုံးစုံအာမခံ (၂) နှစ်ပေးထားတာကြောင့် စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်ဗျ။ ဒါကြောင့်ပြောတာလေ အကောင်သေးပေမယ့်အဆိပ်ပြင်းတယ်လို့ ။ ဒီ Power station လေးကို ဝယ်ယူချင်တယ်ဆိုရင်တော့ https://b2hd.com/shop/detail/1431 ကနေ အသေးစိတ်လေ့လာ ဝယ်ယူနိုင်ပါတယ်ခင်ဗျ

Additional Article Information

Linen-blend dress

$60.00

( 2 Reviews )

Sed egestas, ante et vulputate volutpat, eros pede semper est, vitae luctus metus libero eu augue.

product desc product desc